back

ရန်ကုန်၊ လှိုင်မြို့နယ်၌ YBS (၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ပြီး မီးခိုးထွက်သဖြင့် ခရီးသည်များ မှန်တံခါးရိုက်ခွဲထွက်ပြေးခဲ့ရ

Jul 11 • 10:53 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၊ လှိုင်မြို့နယ်၌ YBS (၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ပြီး မီးခိုးထွက်သဖြင့် ခရီးသည်များ မှန်တံခါးရိုက်ခွဲထွက်ပြေးခဲ့ရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ် ရွာမကွေ့မှတ်တိုင်အနီးတွင် ဇူလိုင် ၁၀ ရက် ည ၇ နာရီဝန်းကျင်က ပြေးဆွဲနေသည့် YBS (၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာ မီးခိုးများ အလိပ်လိုက်...

ရန်ကုန်မြို့၊ လှိုင်မြို့နယ် ရွာမကွေ့မှတ်တိုင်အနီးတွင် ဇူလိုင် ၁၀ ရက် ည ၇ နာရီဝန်းကျင်က ပြေးဆွဲနေသည့် YBS (၂၂) ယာဉ်တစ်စီး ဝါယာရှော့ဖြစ်ကာ မီးခိုးများ အလိပ်လိုက် ထွက်လာသဖြင့် ကားပေါ်ပါခရီးသည်များ ကြောက်လန့်တကြား ကားမှန်များရိုက်ခွဲ၍ ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းထွက်ပြေးခဲ့ကြရကြောင်း သိရသည်။ ယာဉ်မောင်းဖြစ်သူက ကားတံခါး ချက်ချင်းဖွင့်မပေးခဲ့သဖြင့် ခရီးသည်များ မှန်ရိုက်ခွဲထွက်ပြေးခဲ့ရခြင်းဖြစ်ပြီး အချို့မှာ မှန်စထိမှန်ကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း၊ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ယာဉ်အချို့ သက်တမ်းရင့် ပျက်စီးနေမှုများကြောင့် ခရီးသည်များအကြား ယခုကဲ့သို့ စိုးရိမ်ထိတ်လန့်ဖွယ်ဖြစ်စဉ်များ ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

11