မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် (၃) ပတ်ကြာ ကျင်းပခဲ့သည့် National League ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၁၇ နိုင်ငံကို ကျော်ဖြတ်ကာ Consistency Ranking အဆင့် (၆) ဖြင့် FIFAe Continental Championship 2026 သို့ တက်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။ CHARLIE နှင့် Z1ATAN တို့ ပါဝင်သည့် မြန်မာအသင်းသည် လာမည့် ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် ၎င်း Continental Championship ပြိုင်ပွဲတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF) နှင့် ဘောလုံးအဖွဲ့ချုပ် (MFF) တို့က အသင်း၏စွမ်းဆောင်ရည်ကို ဂုဏ်ပြုထားပြီး ပရိသတ်များ တစ်ခဲနက်အားပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။
မြန်မာ FIFAe Mobile အသင်း Continental Championship 2026 ဝင်ခွင့်ရရှိပြီး ကမ္ဘာ့ဖလားလက်မှတ်အတွက် မလေးရှားတွင် ဆက်လက်ယှဉ်ပြိုင်မည်
Jul 11 • 9:18 AM
Myanmar
International
Share
| 18 | 0 | 0 | 0 |


