မြန်မာနိုင်ငံအတွင်း မိုးဆက်လက်ရွာသွန်းမှုကြောင့် ရွှေကျင်မြို့ရှိ ရွှေကျင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်၊ မဒေါက်မြို့ရှိ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော်သို့ အသီးသီး ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် အဆိုပါ မြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု၍ သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များကို အနီးကပ်စောင့်ကြည့် လိုက်နာကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေ၍ ပြည်သူများ ရေဘေးအန္တရာယ် သတိပြုရန် မိုးဇလ သတိပေး
Jul 11 • 9:17 AM
Myanmar
Local
Share
| 22 | 0 | 0 | 0 |


