မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ရောင်းဝယ်နိုင်ရေးနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး H.E. Dr. Md. Monwar Hossain တို့သည် ဇူလိုင် ၁၀ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ တွေ့ဆုံမှုတွင် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ကုန်သွယ်နိုင်မည့် အခြေအနေများကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ပင်လယ်ကွေ့ဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ကဏ္ဍဆိုင်ရာ အခက်အခဲများကို ပူးပေါင်းဖြေရှင်းရန်နှင့် ရေပြင်၊ မြေပြင် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သည်နှင့်အညီ စွမ်းအင်ကုန်သွယ်မှုကဏ္ဍတွင် အခွင့်အလမ်းကောင်းများကို အပြန်အလှန် အသုံးချကာ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ရေးနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆွေးနွေး
Jul 11 • 9:14 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


