back

အာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့် တရုတ်-လာအို နိုင်ငံဖြတ်ကျော် ရထားလမ်းကြီး

Jul 11 • 9:15 AM

breaking-news

Laos

Local News

cover

အာဆီယံနှင့် တရုတ်နိုင်ငံကို ချိတ်ဆက်ပေးလိုက်သည့် တရုတ်-လာအို နိုင်ငံဖြတ်ကျော် ရထားလမ်းကြီး

တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့အထိ ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားပြီး ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း (BRI) ၏ အဓိကအစိတ်အပိုင်းဖြစ်သော တရုတ...

တရုတ်နိုင်ငံ ကူမင်းမြို့မှ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့အထိ ကီလိုမီတာ ၁,၀၀၀ ကျော် ရှည်လျားပြီး ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း (BRI) ၏ အဓိကအစိတ်အပိုင်းဖြစ်သော တရုတ်-လာအို နိုင်ငံဖြတ်ကျော်ရထားလမ်းကြီး ပြေးဆွဲလာခဲ့သည်မှာ ၅ နှစ်ခန့် ရှိပြီဖြစ်ရာ ကုန်းပိတ်နိုင်ငံဖြစ်ခဲ့သည့် လာအိုနိုင်ငံအား ကုန်းတွင်းချင်းချိတ်ဆက်မိသည့် အချက်အချာနိုင်ငံဖြစ်လာစေခဲ့ကြောင်း သိရသည်။ လာအို-တရုတ် ဖက်စပ်ထုတ်လုပ်ထားသည့် "လန်ဆန်း" အမြန်နှုန်းမြင့်လျှပ်စစ်ရထားကြောင့် ယခင်ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော ခရီးစဉ်အား လူဝင်မှုကြီးကြပ်ရေးစစ်ဆေးချိန်အပါအဝင် ၁၀ နာရီခွဲခန့်ဖြင့် သွားလာနိုင်ပြီဖြစ်သလို၊ ၂၀၂၆ ခုနှစ် ဇွန်လအထိ စုစုပေါင်းကုန်စည်သယ်ယူပို့ဆောင်မှု တန်ချိန် ၁၀ သန်းကျော်လွန်ခဲ့ပြီး နိုင်ငံဖြတ်ကျော်ကုန်စည် တန်ချိန် ၂.၅ သန်းကျော်အထိ သယ်ယူပို့ဆောင်ပေးနိုင်ခဲ့သည်။ ဤရထားလမ်းမကြီးကြောင့် တရုတ်နိုင်ငံတောင်ပိုင်းမှ လာအို၊ ထိုင်းနှင့် အာဆီယံဒေသတစ်ခုလုံးသို့ ကုန်းလမ်းဖြင့် ကုန်စည်စီးဆင်းမှု အဆမတန်မြန်ဆန်လာသည့်အပြင်၊ လာအိုနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်မြို့များသို့ တရုတ်ခရီးသွားများ အလုံးအရင်း ဝင်ရောက်လာသဖြင့် ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများကို များစွာမြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

9