မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ဇူလိုင် ၁၀ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်ကာ ကန်သာယာရပ်ကွက် (၇) ရှိ အနိမ့်ပိုင်းနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု ၂၅ စုမှ လူဦးရေ ၁၇၁ ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်း၍ ရေဘေးလွတ်ကင်းရာ ယာယီကယ်ဆယ်ရေးစခန်းဖြစ်သည့် မြို့နယ်အားကစားခန်းမသို့ စနစ်တကျ ရွှေ့ပြောင်းကူညီပေးခဲ့ကြကြောင်း သိရသည်။


