လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် ဓာတ်အားပေးတိုင်များ ပျက်စီးနေသည့် ရွှေဘိုမြို့နယ်တွင် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် ပြုပြင်ရေးဝန်ထမ်းများက အဆင့်သင့်ရှိနေသော်လည်း မြေပြင်အခြေအနေ အဆင်မပြေမှုများကြောင့် လုပ်ငန်းများ စတင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ လက်ရှိတွင် ပြန်လည်ပြုပြင်ပေးနိုင်ခြင်းမရှိသေးသဖြင့် ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံများ လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲများနှင့် ကြုံတွေ့နေရခြင်းအပေါ် နားလည်ခွင့်လွှတ်ပေးရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။


