အာဆီယံအလှည့်ကျဥက္ကဋ္ဌ မာရီယာ သီရီဆာ ပီ လာဇာရို သည် ဇူလိုင်လ ၁၂ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး၊ ယခုတွေ့ဆုံမှုသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း အာဆီယံနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့အကြား ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်သည်။ စီဗူးမြို့တွင် ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များက ဘုံသဘောတူညီချက် ၅ ချက်ကို စွဲကိုင်ထားစဉ်မှာပင် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ရန် ညွှန်ကြားခဲ့ပြီးနောက် ယခုအစည်းအဝေး ပေါ်ပေါက်လာခြင်းဖြစ်ကာ၊ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို နားထောင်ပြီး ဘုံသဘောတူညီချက် ၅ ချက်အပေါ် မြန်မာဘက်က ဖြေရှင်းဆောင်ရွက်နိုင်မည့် ခိုင်မာသည့်ခြေလှမ်းများနှင့် ဆက်လက်ထိတွေ့ဆက်ဆံမည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်ဟု မျှော်လင့်ရကြောင်း သိရသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် အလွတ်သဘောတွေ့ဆုံပွဲပြုလုပ်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို အလှည့်ကျဥက္ကဋ္ဌ ဖိတ်ကြား
Jul 11 • 8:51 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


