လာမည့် ဩဂုတ် ၂၈ ရက် (ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့) တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်းပေါင်း ၈၄,၀၀၀ ဖြင့် ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။ ဂေါပကအဖွဲ့အနေဖြင့် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များကို စနစ်တကျ ကျင်းပရန် စီစဉ်ထားရှိရာ ဇူလိုင် ၂၉ ရက် (ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့နှင့် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပွဲ၊ စက်တင်ဘာ ၂၆ ရက် (တော်သလင်းလပြည့်နေ့) တွင် ဂရုဓမ္မအခါတော်နေ့၊ အောက်တိုဘာ ၂၅ ရက်တွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် အောက်တိုဘာ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကို ဆင်ယင်ကျင်းပသွားမည်ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းကာလ လပြည့်၊ လကွယ်နှင့် ကြားဥပုသ်ရက်များ၌ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ပြည်သူများ သီလခံယူဆောက်တည်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
Jul 11 • 8:50 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


