ဂျပန်နိုင်ငံ အိုင်ချီနှင့် နာဂိုယာမြို့တို့တွင် စက်တင်ဘာ ၁၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ (Asian Games) အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ကြောင်း Asian Football ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသမှ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် မြန်မာအပါအဝင် အသင်းစုစုပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ဗီယက်နမ်နှင့် ဖိလစ်ပိုင်အသင်းတို့မှာ AFC Women’s Asian Cup 2026 ပြိုင်ပွဲရလဒ်အရ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနှင့် ထိုင်းအသင်းတို့မှာမူ အခြားအသင်းအချို့ နုတ်ထွက်သွားခြင်းကြောင့် အစားထိုးဝင်ရောက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိ
Jul 11 • 8:23 AM
Myanmar
International
Share
| 8 | 0 | 0 | 0 |


