မြန်မာ့စာပေနှင့် ပညာရေးလောကတွင် ထင်ရှားကျော်ကြားလှသည့် နိုင်ငံတော်အဆင့် စာပေဆုကြီးများရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) (ရေနံချောင်း) သည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) နံနက် ၇:၀၀ နာရီတွင် ရန်ကုန်မြို့၌ အသက် (၈၆) နှစ်အရွယ်တွင် ဘဝတစ်ပါးသို့ ကူးပြောင်းကွယ်လွန်သွားခဲ့ကြောင်း မိသားစုနှင့် စာပေအသိုင်းအဝိုင်းထံမှ သိရသည်။ ကွယ်လွန်သူ ဆရာမကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလပ်အား လာမည့် ဇူလိုင်လ ၁၂ ရက် (တနင်္ဂနွေနေ့) မွန်းလွဲ ၁:၀၀ နာရီတွင် ရန်ကုန်မြို့၊ မင်္ဂလာဒုံ ကုတင်တစ်ထောင် စစ်ဆေးရုံ ငြိမ်းအေးဇရပ်မှတစ်ဆင့် မင်္ဂလာဒုံစစ်သင်္ချိုင်းသို့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း ဝမ်းနည်းဖွယ်ရာ သိရှိရသည်။
အမျိုးသားစာပေတစ်သက်တာဆုရှင် စာရေးဆရာမကြီး ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) အသက် (၈၆) နှစ်တွင် ကွယ်လွန်
Jul 11 • 8:27 AM
Myanmar
Yangon
Share
| 20 | 0 | 0 | 0 |


