ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ကျေးရွာတွင် ကျေးရွာလူငယ်အဖွဲ့က မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ရွက်နေစဉ် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား ၄ ဦးကို ဖမ်းဆီးပြီး TNLA ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရသည်ဇူလိုင် ၆ ရက်တွင် မန်အောင်ကျေးရွာမှ လူငယ်အဖွဲ့က ကျေးရွာအတွင်း မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး စစ်ဆေးမှုပြုလုပ်ရာ အသက် (၅၂)နှစ်အရွယ် ဦးအောင်မိုး၊ အသက် (၃၈)နှစ်အရွယ် ဦးယိုင်တိုး၊ အသက် (၃၁)နှစ်အရွယ် ဦးသန်းဦးနှင့် အသက် (၄၈)နှစ်အရွယ် ဦးအိုက်နိုင်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ကျေးရွာလူငယ်အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးပြီးနောက် TNLA ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာ ရဲတပ်ဖွဲ့က စစ်ဆေးမှု ထပ်မံပြုလုပ်ရာတွင်လည်း မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများကိုမူ တအာင်းတပ်ဖွဲ့-PSLF/TNLAက အကျင့်စာရိတ္တပြန်လည်ပြုပြင်ရေးနှင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်သွားမည်ဟု သတင်းထုတ်
ပြန်သည်။


