back

အိန္ဒိယ-မြန်မာနယ်စပ်ကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံပြီး ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယ ပြော

Jul 11 • 3:26 AM

breaking-news

Myanmar

International

cover

အိန္ဒိယ-မြန်မာနယ်စပ်ကို ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံပြီး ခြံစည်းရိုးခတ်မယ်လို့ အိန္ဒိယ ပြော

အရှည် ၁,၆၁၀ ကီလိုမီတာရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ရူပီး ကုဋေ ၃၁,၀၀၀ နဲ့ညီမျှတဲ့ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံပြီး ခြံစည်းရိုးခတ်နေတယ်လို့ အိန္ဒိ...

အရှည် ၁,၆၁၀ ကီလိုမီတာရှိတဲ့ အိန္ဒိယ-မြန်မာနယ်စပ် ရူပီး ကုဋေ ၃၁,၀၀၀ နဲ့ညီမျှတဲ့ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကျော် အကုန်အကျခံပြီး ခြံစည်းရိုးခတ်နေတယ်လို့ အိန္ဒိယ ပြည်ထဲရေး ဝန်ကြီး အမစ်ရှားက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။အိန္ဒိယဗဟိုအစိုးရရဲ့ စမတ်နယ်စပ် မျှော်မှန်းချက်နဲ့အညီ တည်ဆောက်ထားတဲ့ အိန္ဒိယရဲ့ နယ်စပ် လုံခြုံရေးစနစ်ဟာ လာမယ့်နှစ်တွေမှာ ကမ္ဘာပေါ်မှာ အလားလာဆုံး အဆင့်အမြင့်ဆုံး ဖြစ်လာမှာဖြစ် ကြောင်း၊ သီးခြားစီရှိနေတဲ့ နယ်စပ်ကင်းစခန်းတွေကနေ စုပေါင်းလုံခြုံရေးကွန်ရက်တစ်ခုဆီသို့ ပြောင်းလဲ ဖို့ လိုအပ်ကြောင်း သူက ပြောပါတယ်။သဘာဝမဟုတ်တဲ့ အကြောင်းရင်းတွေကြောင့် ပုံမှန်မဟုတ်ဘဲ လူဦးရေတိုးပွားလာမှုကို ထိန်းချုပ် ဖို့ အစိုးရက သန္နိဋ္ဌာန်ချထားပြီး တရားမဝင် ခိုးဝင်မှုဟာ နယ်စပ်ဒေသ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲရခြင်း ရဲ့ အဓိကအကြောင်းရင်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။အိန္ဒိယအစိုးရရဲ့ ရည်မှန်းချက်တွေထဲမှာ ကြားခံစစ်ပွဲ၊ တရားမဝင် ခိုးဝင်မှု၊ အစွန်းရောက်မှု၊ မူးယစ် ဆေးဝါးမှောင်ခိုမှု၊ ဒရုန်းအန္တရာယ်၊ ဆိုင်ဘာရာဇဝတ်မှု၊ ဂိုဏ်းဖွဲ့ရာဇဝတ်မှုနဲ့ လူဦးရေဖွဲ့စည်းပုံ ပြောင်းလဲ မှုတွေကို တားဆီးဖို့ ပါဝင်သလို နယ်စပ်ဒေသတွေကို နေထိုင်ရ ပိုမိုအဆင်ပြေအောင်လုပ်ဆောင်ပြီး အဆို ပါဒေသတွေကနေ ရွှေ့ပြောင်းသွားလာမှုတွေ တားဆီးဖို့လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ကမ်းရိုးတန်းနယ်စပ်လုံခြုံရေးအတွက် ဘက်စုံမူဘောင်တစ်ခုကို ဦးတည်လုပ်ဆောင်သွားမှာဖြစ် ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ပြည်နယ်နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ဒေ သခံပြည်သူတွေ ပူးပေါင်းပြီး အားကောင်းတဲ့ လုံခြုံရေးကွန်ရက်တစ်ခုကို တည်ဆောက်နေတယ်လို့ အမစ် ရှားက ပြောပါတယ်။




news-view-count-icon

12