back

တောင်အာဖရိကတွင် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

Jul 11 • 3:06 AM

breaking-news

Myanmar

International

cover

တောင်အာဖရိကတွင် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ကန့်ကွက် ဆန္ဒပြပွဲများ နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော တောင်အာဖရိကနိုင်ငံတွင် ၂၄ နာရီအတွင်း ဘင...

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ဆန့်ကျင်သည့် ကန့်ကွက် ဆန္ဒပြပွဲများ နိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော တောင်အာဖရိကနိုင်ငံတွင် ၂၄ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂) ဦးသည် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။ ၎င်းဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ အသစ်တဖန် မြင့်တက်လာခဲ့သည်။နောက်ဆုံး သေဆုံးခဲ့သူမှာ နိုအာခါလီ ခရိုင်မှ အသက် (၃၄) နှစ်အရွယ် ဘင်္ဂလားဒေ့ရှ် စီးပွားရေး လုပ်ငန်းရှင် Belal Hossain Sumon ဖြစ်သည်။၎င်း၏ မိသားစု ပြောကြားချက်အရ လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ ညနေ (၃:၀၀) နာရီဝန်းကျင်တွင် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ ၎င်း၏ လုပ်ငန်းခွင်အတွင်း အမည်မသိ လူတစ်စုမှ သူ့အား ဝင်ရောက် ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်ဟု ဆိုသည်။

Belal Hossain Sumon သည် နိုအာခါလီ၊ ဘီဂမ်ဂန်ဂျ် (Begumganj) ရွာမှ ဖြစ်ပြီး မိသားစု၏ တစ်ဦးတည်းသော ဝင်ငွေရှာသူဖြစ်ကာ ဇနီးနှင့် သားသမီး (၂) ဦး ကျန်ရစ်ခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ သတ်ဖြတ်မှု မတိုင်မီ ဒေသစံတော်ချိန် အင်္ဂါနေ့ ညနေ ၆ နာရီဝန်းကျင်တွင် နိုအာခါလီမှပင် အသက် (၃၈) နှစ်အရွယ် နောက်ထပ် ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သား တစ်ဦးဖြစ်သူ Md Yasin Arafat သည် ပို့တ်အဲလိဇဘက် (Port Elizabeth) ရှိ ၎င်း၏ နေအိမ်ရှေ့တွင် အမည်မသိ လူတစ်စု၏ ပစ်ခတ်ခံရကာ ၎င်းနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟုဆိုသည်။ ၎င်း၏ (၅) နှစ်အရွယ် သမီး Farhana လည်း သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဒေသတွင်း ဆေးရုံ တစ်ခုတွင် ကုသမှုခံယူနေရကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ (၂၄) နာရီအတွင်း လူသတ်မှု (၂) ခု ဖြစ်ပွားခဲ့ခြင်းသည် တောင်အာဖရိကတွင် နေထိုင်နေကြသော ၎င်းတို့၏ ဆွေမျိုးသားချင်းများ၏ လုံခြုံရေးအတွက် ဘင်္ဂလားဒေ့ရှ် မိသားစုများအကြား အထူး စိုးရိမ်မကင်း ဖြစ်စေခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။



news-view-count-icon

17