ပေါ်တူဂီ ဘောလုံးအဖွဲ့ချုပ် (FPF) က ဂျော်ဂျ် ဂျီဇပ် (၇၁ နှစ်) ကို နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြ အသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ပေါ်တူဂီအနေနဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြအပြောင်းအလဲ ပြုလုပ်ခဲ့တာဖြစ်ကာဂျီဇပ်ဟာ လာမယ့် ယူရိုနေးရှင်း လိဂ်၊ ယူရို ၂၀၂၈ နှင့် ၂၀၃၀ ကမ္ဘာ့ဖလား အထိ လေးနှစ်ကာလ စာချုပ်နဲ့ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ဂျီဇပ်အနေနဲ့ ပေဘင်ဖီကာ၊ စပိုးတင်း စတဲ့ ပြည်တွင်း ကလပ်တွေမှာ အောင်မြင်မှု များစွာရရှိခဲ့သူ ဖြစ်သလို ဆော်ဒီ ပရိုလိဂ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ပါဝင်တဲ့ အယ်နာဆာ အသင်းကို ချန်ပီယံဆု ရရှိအောင် ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ဂျီဇပ်ဟာ ပေါ်တူဂီ လက်ရွေးစင်အသင်းကို ပထမဆုံး ကိုင်တွယ်ရမှာဖြစ်ပြီး ပေါ်တူဂီ ဘောလုံး ပရိသတ်တွေကတော့ ဂျီဇပ်ရဲ့ အတွေ့အကြုံနဲ့ စွမ်းရည်ကို ယုံကြည်မျှော်လင့်နေကြပါတယ်။



