back

ပစ္စည်းအဝင်နည်းပြီး ပြည်ပဝယ်လိုအားကောင်းနေလို့ မတ်ပဲ၊ မြေပဲ နဲ့ ကြက်သွန်နီစျေးဆက်တိုက်တက်လာ နေ

Jul 11 • 1:23 AM

breaking-news

Myanmar

Local

breaking-news
cover

ပစ္စည်းအဝင်နည်းပြီး ပြည်ပဝယ်လိုအားကောင်းနေလို့ မတ်ပဲ၊ မြေပဲ နဲ့ ကြက်သွန်နီစျေးဆက်တိုက်တက်လာ နေ

ပြည်ပတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေထဲမှာ မတ်ပဲ ၊ မြေပဲ နဲ့ ကြက်သွန်နီက စျေးနူန်းဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်းသွက်နေတယ်လို့ ကုန်သည်တွေနဲ့ ပွဲရုံ...

ပြည်ပတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေထဲမှာ မတ်ပဲ ၊ မြေပဲ နဲ့ ကြက်သွန်နီက စျေးနူန်းဆက်တိုက် မြင့်တက်လာပြီး အရောင်းအဝယ်လည်းသွက်နေတယ်လို့ ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက စုံစမ်းသိရှိရပါတယ်။ ပို့ကုန်ပဲမျိုးစုံစျေးကွက်မှာ မတ်ပဲက ဇွန်လ ၁၆ ရက်ကစပြီး စျေးဆက်တိုက်တက်လာတာဖြစ်ကြောင်း ၊ဇွန် ၁၅ ရက်နေ့တုန်းကဆိုရင် မတ်ပဲ FAQ တတန်ကို ၃၀၇၉၀၀၀ ကျပ်သာရှိခဲ့ပြီး အခု ဇူလိုင် ၁၀ ရက်နေ့မှာတော့ တတန်ကို ၃,၃၅၆,၀၀၀ ကျပ်ရှိလာတာ ဖြစ်ပါတယ်။ ရက်ပေါင်း ၂၀ ကျော်အတွင်းမှာ မတ်ပဲ တတန်ကို ကျပ်သုံးသိန်းနီးပါးအထိ စျေးတက်လာတယ်လို့ သိရပါတယ်။လက်ရှိမှာ အိန္ဒိယက မတ်ပဲလိုအပ်ချက်ရှိနေပြီး ဝယ်လိုအားကောင်းနေတဲ့အတွက် မြန်မာ့မတ်ပဲစျေးကလည်း ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ် ။ မြေပဲဆံကလည်း ပွဲရုံတွေကို ကုန်ပစ္စည်း ဝင်ရောက်မှု အလွန်နည်းလာတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအား မမျှတာကြောင့် ပဲဆံစျေး ခုရက်ပိုင်းမှာ ဆက်တိုက်မြင့်တက်လာ နေတယ်လို့ သိရပါတယ်။ စားအုန်းဆီပြည်ပကနေ တင်သွင်းမှုကို လျှော့ချလိုက်တဲ့အတွက် ပြည်တွင်းမှာ စားအုန်းဆီဝယ်ယူရခက်တဲ့အခြေအနေ၊ စျေးနူန်းမြင့်တက်ပြီး ပဲဆီစျေးတန်းနဲ့ သိပ်မကွာတော့တဲ့ အခြေအနေတွေ ကြောင့် မြေပဲဆီစားသုံးမှု ပိုများလာပြီး စက်ပိုင်တွေက မြေပဲဝယ်လိုအားများတဲ့အတွက်လည်း မြေပဲစျေးတက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။

ဇူလိုင် ၁၀ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ S1လုံးဆံ တစ်ပိဿာကို ၁၂,၈၀၀ မှ ၁၃,၃၀၀ ကျပ်၊ S1ဆီဆံက ၁၂,၃၀၀ မှ ၁၃,၂၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၂,၅၀၀ မှ ၁၃,၀၀၀ ကျပ်၊ အနီဆီဆံက ၁၁၃၀၀ မှ ၁၂၅၀၀ ကျပ်အထိ ရှိပါတယ်။ ဇူလိုင် ၁ ရက်နေ့က မန္တလေးကုန်စည်ဒိုင်မှာဆိုရင် S1လုံးဆံ တစ်ပိဿာကို ၁၁,၄၀၀ မှ ၁၁,၅၀၀ ကျပ်၊ S1ဆီဆံက ၁၀,၅၀၀ မှ ၁၁,၀၀၀ ကျပ် ၊ အနီလုံးဆံ ( ရှည် / ဝိုင်း) က ၁၀,၄၀၀ မှ ၁၁,၅၀၀ ကျပ်၊ အနီဆီဆံက ၁၀,၃၀၀ မှ ၁၀,၅၀၀ ကျပ်သာရှိခဲ့တာကြောင့် တပတ်ကျော်အတွင်းမှာ မြေပဲဆံတပိဿာကို ၁,၀၀၀ ကနေ ၂,၂၀၀ ကျပ်လောက် စျေးတက် လာပါတယ်။ ကြက်သွန်နီကလည်း မြဝတီနယ်စပ်ကုန်သွယ် ပြန်လည်စတင်တဲ့ ဇွန်လ ပထမပတ်ကစပြီး မြဝတီနယ်စပ်ကနေ ထိုင်းကို တင်ပို့မှုရှိတာကြောင့် ပြည်ပဝယ်လိုအားကောင်းနေပြီး စျေးဆက်တိုက်တက်လာနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ကြက်သွန်နီကို ပြည်ပကဝယ်လိုအားကောင်းနေချိန်မှာ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှုနည်းလာတဲ့အတွက် ရောင်းလိုအားနဲ့ ဝယ်လိုအားမမျှတာကြောင့် စျေးကအတက်ဘက်ကို ဦးတည်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။ လာမယ့် မတ်ပဲစိုက်ပျိုးပြီး ရိတ်သိမ်းချိန်ကာလ ၊ မကြာမီ မြေပဲဆံတွေ တူးဖော်မယ့်ကာလ နဲ့ မိုးကြက်သွန်တွေ တူးဖော်ပြီး စျေးကွက်ထဲ ရောက်မယ့် အချိန်မှာလည်း စျေးကွက်အမြင့်ရဖို့ မျှော်လင့်နေကြပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ကုန်စျေးနူန်းမြင့်တက်မှုအခြေအနေအရ လာမယ့် သီးနှံပေါ်ချိန်တွေမှာ ကြက်သွန်တစ်ပိဿာကို အနိမ့်ဆုံး ၃,၀၀၀ ကျပ်အထက် ရရှိဖို့လိုပြီး မတ်ပဲတတင်းကို ၁၅၀,၀၀၀ ကျပ် ၊ မြေပဲဆံ တပိဿာကို အနိမ့်ဆုံး ၁၀,၀၀၀ ကျပ်လောက် ရရှိဖို့ လိုအပ်တယ်လို့ သိရပါတယ်။

news-view-count-icon

32