menu-icon
logo-icon

Global Reporter

home-icon

Home

breaking_news-icon

Breaking News

hot-icon

Hot

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow Us

Download Application

playstore-iconappstore-icondownload-app-icon

Follow Us

Download Application

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

စပိန်အသင်းဟာ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပြန်လည်တက်ရောက်လာနိုင်ခဲ့

Jul 11 • 1:08 AM

breaking-news

Myanmar

International

Share

share-news
cover

စပိန်အသင်းဟာ၂၀၁၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပြန်လည်တက်ရောက်လာနိုင်ခဲ့

၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ...

cover-photo

၂၀၂၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ယူပြီးနောက် စပိန်အသင်းဟာ ၂၀၁၀ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာဖြစ်ကာ၂၀၁၀ ခုနှစ်မှာ နည်းပြ ဗီစင်တီ ဒယ်ဘော့စ်ကေး ဦးဆောင်ခဲ့တဲ့ စပိန်အသင်းဟာ အန်ဒရက်စ် အင်နီယေစတာ၊ ဇာဗီ၊ ဇာဘီ အလွန်ဆို၊ ဒေးဗစ် ဗီလာ၊ အီကာ ကာဆီးလက်စ်တို့နဲ့ ရွ နယ်သာလန်ကို ဗိုလ်လုပွဲမှာ အနိုင်ရပြီး နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲဒီအောင်မြင်မှုနောက်ပိုင်း စပိန်အသင်းဟာ ၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်၊ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားနဲ့၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ကာ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ နည်းပြ လူးဝစ် ဒီလာဖွန်တေးရဲ့ ဦးဆောင်မှုအောက်မှာ အသက် ၁၉ နှစ်အရွယ် ကြယ်ပွင့် လာမင်းယာမယ်အပါအဝင် ကွင်းလယ်ဖန်တီးရှင် ပက်ဒရီ၊ ဖာဘီယန် ရုစ်၊ နီကို ဝီလျံစ်နှင့် လူစားဝင်တိုက်စစ်မှူး မီကယ် မယ်ရီနိုစတဲ့ လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ပြီး အားကောင်းတဲ့အသင်းအဖြစ် ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ အခုကမ္ဘာ့ဖလားမှာ စပိန်အသင်းဟာ ၁၆ သင်းအဆင့်တွင် ပေါ်တူဂီကို ၁-၀ ဖြင့် အနိုင်ယူခဲ့သလို ကွာတားဖိုင်နယ်မှာ ဘယ်လ်ဂျီယံကို ၂-၁ နဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိသေးတဲ့အပြင် ၂၀၂၃ ခုနှစ် မတ်လကတည်းက နိုင်ငံတကာပွဲ ၃၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကာစပိန်အသင်းဟာ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ပြင်သစ်နဲ့ ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၁:၃၀ နာရီမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၁၆ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအိပ်မက်ကို အကောင်အထည်ဖော်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာတော့မှာပဲဖြစ်ပါတယ်။




news-view-count-icon

17

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ရန်ကုန် ခုတင် ၅၀၀ အထူးကုဆေးရုံကြီး မှာ အသည်းအစားထိုးခွဲစိတ်ကုသမှု ထပ်မံအောင်မြင်

ပေါ်တူဂီ လက်ရွေးစင်အသင်း နည်းပြအသစ်အဖြစ် ဂျော်ဂျ် ဂျီဇပ် ခန့်အပ်ခံရ

cover-photo
right-arrow-icon