တရုတ်နိုင်ငံတောင်ပိုင်းတွင် ဖြစ်ပွားနေသည့် ရေကြီးရေလျှံမှုများသည် စူပါတိုင်ဖွန်း "ဘာဗီ" (Bavi) ဝင်ရောက်လာမည့် အခြေအနေကြောင့် အခြားပြည်နယ်များသို့ပါ ပျံ့နှံ့သွားနိုင်ပြီး၊ ယခုနှစ်အတွင်း ပြင်းထန်သည့် ရာသီဥတုဖြစ်စဉ်များ ပိုမိုမကြာခဏ ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ တရုတ်နိုင်ငံ အမျိုးသားရာသီဥတုစင်တာ၏ ခန့်မှန်းချက်အရ ဇူလိုင်လအတွင်း အနောက်မြောက်ပစိဖိတ်နှင့် တောင်တရုတ်ပင်လယ်တို့တွင် နှစ်စဉ်ပျမ်းမျှထက် ပိုမိုများပြားသည့် တိုင်ဖွန်းမုန်တိုင်း ၆ လုံးအထိ ဖြစ်ပေါ်နိုင်ပြီး ယင်းအနက် ၃ လုံးခန့်မှာ တရုတ်ကုန်းတွင်းပိုင်းသို့ ပြင်းထန်သော လေတိုက်နှုန်းများနှင့်အတူ ဝင်ရောက်နိုင်ကြောင်း သိရသဖြင့် တရုတ်အာဏာပိုင်များ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
စူပါတိုင်ဖွန်း "ဘာဗီ" ဝင်ရောက်မည့်အရေး တရုတ်ပြင်ဆင်နေပြီး ယခုနှစ် မုန်တိုင်းနှင့် ရေဘေး ပိုမိုပြင်းထန်နိုင်ဟု ပညာရှင်များ သတိပေး
Jul 10 • 12:00 PM
China
Local News
Share
| 3 | 0 | 0 | 0 |


