back

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် သစ်ပင်လဲကျ၍ Hijet ယာဉ်ပေါ်သို့ သစ်ကိုင်းကျိုးကျမှုဖြစ်ပွား

Jul 10 • 11:59 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် သစ်ပင်လဲကျ၍ Hijet ယာဉ်ပေါ်သို့ သစ်ကိုင်းကျိုးကျမှုဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအဝင်ပေါက်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၁/၁) နှင့် (၅၁/၂) ကြားတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရ...

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအဝင်ပေါက်အနီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၅၁/၁) နှင့် (၅၁/၂) ကြားတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၅:၃၀ နာရီအချိန်ခန့်က သစ်ပင်လဲကျမှုဖြစ်ပွားပြီး လမ်းဘေး၌ ရပ်တန့်ထားသည့် Hijet မော်တော်ယာဉ်ပေါ်သို့ သစ်ကိုင်းကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သတင်းရရှိရခြင်းကြောင့် ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးနှင့် လမ်းရှင်းလင်းစေရေးအတွက် သွားရောက်ဖြတ်တောက် ရှင်းလင်းပေးခဲ့ကြပြီး၊ အဆိုပါဖြစ်စဉ်ကြောင့် လူ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

news-view-count-icon

11