ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇွန်လအတွင်းက ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရသည့် မြန်မာအလုပ်သမားတစ်ဦး၏ ရသင့်ရထိုက်သော အာမခံကြေးများ ထုတ်ယူနိုင်ရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ရာ၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ပထမအကြိမ်အဖြစ် အာမခံကြေး ဘတ် ၅၀၀,၀၀၀ ကို သေဆုံးသူ၏ ဇနီးဖြစ်သူထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သေဆုံးသူ မြန်မာအလုပ်သမားအတွက် ပုဂ္ဂလိကအာမခံကုမ္ပဏီထံမှ ရရှိရမည့် စုစုပေါင်း အာမခံကြေးမှာ ဘတ် ၁,၅၀၀,၀၀၀ ဖြစ်ပြီး၊ ကျန်ရှိနေသည့် အာမခံကြေးများကိုလည်း ဆက်လက်ထုတ်ယူနိုင်ရေးအတွက် အလုပ်သမားသံအရာရှိရုံးက ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား၏ အာမခံကြေး ဘတ် ၅ သိန်းကို မိသားစုထံ ပထမအကြိမ် ပေးအပ်
Jul 10 • 12:01 PM
Thailand
Local News
Share
| 15 | 0 | 0 | 0 |


