လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနအောက်ရှိ စခန်းများနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံးတို့ ပူးပေါင်းကာ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်သင်တန်းသား ၂၃၄ ဦးအား စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ အောင်မြင်စွာ ပေးနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါအသင်းသည် မူးယစ်ဆေးစွဲလူနာများကို ရှာဖွေဖော်ထုတ်၍ ဆေးရုံများသို့ လွှဲပြောင်းဆေးဖြတ်ပေးခြင်း၊ ဆေးရုံဆင်းလာသူများအား ပြန်လည်ထူထောင်ပေးခြင်းနှင့် သင်တန်းဆင်းပြီးသူများကို နောက်ဆက်တွဲစောင့်ရှောက်ခြင်းလုပ်ငန်းများကို ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးလျက်ရှိပြီး၊ ၎င်းတို့ လူမှုဘဝသို့ အောင်မြင်စွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Jul 10 • 9:38 AM
Myanmar
Yangon
Share
| 9 | 0 | 0 | 0 |

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်းနေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး
ရှမ်းပြည်နယ်၊မိုင်းခတ်မြို့နယ်၊ ကျိုင်းပင်းတံတားနှင့် ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ကူညီဆောင်ရွက်ပေး

