မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၀၉:၃၀ နာရီအချိန်ခန့်တွင် ကန်သာယာရပ်ကွက်ရှိ မြေနိမ့်ပိုင်းနေရာများ၌ နေအိမ်များအတွင်း ရေဝင်ရောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိရခြင်းကြောင့် ဘီးလင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရေဘေးသင့်အိမ်ထောင်စုများအား ဘေးလွတ်ရာနေရာများသို့ အချိန်မှီ ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်းနေအိမ်များအတွင်း ရေဝင်ရောက်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး
Jul 10 • 9:37 AM
Myanmar
Mon
Share
| 12 | 0 | 0 | 0 |


