back

၁၂ ရက်ကြာ ပြုလုပ်ခဲ့သည့် (၁၆၆) ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှု ပြီးဆုံး

Jul 10 • 9:36 AM

breaking-news

Myanmar

International

cover

၁၂ ရက်ကြာ ပြုလုပ်ခဲ့သည့် (၁၆၆) ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှု ပြီးဆုံး

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နယ်နိမိတ်မရှိ၊ လက်တွဲ၍ မူးယစ်အန္တရာယ်ပပျောက်အောင်ဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် တရားဥပဒေစိုးမိုးရေး ရေယာဉ် ၆ စီးနှင့် တပ်ဖွဲ့ဝင် ၁၀...

"မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နယ်နိမိတ်မရှိ၊ လက်တွဲ၍ မူးယစ်အန္တရာယ်ပပျောက်အောင်ဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် တရားဥပဒေစိုးမိုးရေး ရေယာဉ် ၆ စီးနှင့် တပ်ဖွဲ့ဝင် ၁၀၆ ဦးတို့ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့သည့် (၁၆၆) ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုသည် ၁၂ ရက်ကြာ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုအပြီးတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။ အဆိုပါ ကင်းလှည့်မှုကာလအတွင်း အဖွဲ့ဝင်လေးနိုင်ငံသည် မူးယစ်ဆေးဝါး ရာဇဝတ်မှုများကို တိုက်ဖျက်ရန် အဓိကထား လုပ်ဆောင်ခဲ့သည့်အပြင် အွန်လိုင်းလိမ်လည်မှုများ၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများ၊ အတုအပပြုလုပ်မှုနှင့် မှောင်ခိုကူးမှုစသည့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကိုပါ ထိရောက်စွာ အရေးယူနှိမ်နင်းခဲ့ကြကြောင်း သိရသည်။

news-view-count-icon

14