လာမည့် ဩဂုတ် ၃ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပမည့် (၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမား (၂၁) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင် ကစားသမားများမှာ ထူးအောင်ကျော်၊ ဟန်ဝင်းထွဋ်၊ ထွန်းဝဏ္ဏအောင်၊ အောင်ဇော်ဟိန်း၊ ရဲထက်၊ ချစ်လွန်းပို၊ အောင်မျိုးကျော်၊ ကျော်မင်းသူ၊ ဇော်မင်းခန့်၊ အောင်အောင်၊ ရန်ပိုင်စိုး၊ သက်ပိုင်စိုး၊ ဇင်လင်းထူး၊ ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဖူးဖူး၊ ဆုမွန်ကျော်၊ နှင်းနှင်းဝေ၊ နန့်မေသူထွေးနှင့် ရွှန်းလဲ့ဇင် တို့ဖြစ်ကြောင်း သိရသည်။
၃၉ ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင်ကစားသမား ၂၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်
Jul 10 • 9:35 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


