ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ်၊ ကျိုင်းပင်းကျေးရွာအနီးရှိ နမ့်ခတ်ချောင်းရေ မြင့်တက်လာမှုကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၀၈:၃၀ နာရီအချိန်ခန့်တွင် ကျိုင်းပင်းတံတား ရေကျော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ ချောင်းရေမြင့်တက်မှုကြောင့် ကျိုင်းတုံ-မိုင်းခတ်သွား ကားလမ်းမကြီး မိုင်တိုင်အမှတ် (၄၆/၃) နှင့် (၄၆/၄) ကြားတွင်လည်း ရေကျော်မှုများ ဖြစ်ပွားခဲ့သဖြင့် မိုင်းခတ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းပြီး သွားလာရလွယ်ကူစေရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်၊မိုင်းခတ်မြို့နယ်၊ ကျိုင်းပင်းတံတားနှင့် ကားလမ်းမပေါ် ရေကျော်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ကူညီဆောင်ရွက်ပေး
Jul 10 • 9:39 AM
Myanmar
Shan
Share
| 10 | 0 | 0 | 0 |


