လာမည့် ဩဂုတ်လတွင် ကျင်းပမည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်ကော်မတီအစည်းအဝေး၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူပြဿနာနှင့် နယ်စပ်မြစ်များအတွင်း သတ္တုအညစ်အကြေး ညစ်ညမ်းမှုပြဿနာများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ယင်းပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံ သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဆူချတ် ချွမ်ကလင်းက ပြောကြားခဲ့ကြောင်း သိရသည်။
မီးခိုးမြူနှင့် နယ်စပ်မြစ်ညစ်ညမ်းမှု ဖြေရှင်းရေး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်ဟု ထိုင်းအစိုးရ ပြောကြား
Jul 10 • 9:23 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


