back

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

Jul 10 • 9:26 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့အတွင်း ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများကို မြေအောက်ကေဘယ်စနစ်သို့ ပြောင်းလဲရန် စီစဉ်

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုပြဿနာများကို ရှင်းလင်းကာ မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက...

ရန်ကုန်မြို့အတွင်း မြို့ပြအင်္ဂါရပ် ပျက်ယွင်းစေသည့် ဆက်သွယ်ရေးကြိုး ရှုပ်ထွေးမှုပြဿနာများကို ရှင်းလင်းကာ မြေအောက်သို့ ရွှေ့ပြောင်းတပ်ဆင်မည့် လုပ်ငန်းစဉ်များအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုကို ဇူလိုင်လ ၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော် ဦးဆောင်၍ ဆက်သွယ်ရေးကွန်ရက် တိုးချဲ့တည်ဆောက်ရေး ပေါင်းစပ်ညှိနှိုင်းကော်မတီမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ဆက်သွယ်ရေးကုမ္ပဏီ ကိုယ်စားလှယ်များ တွေ့ဆုံကာ အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

news-view-count-icon

21