back

Meta ၏ AI ပုံရိပ်ဖန်တီးမှုအသစ်က အသုံးပြုသူများ၏ Public Instagram ဓာတ်ပုံများကို အခြားသူများ၏ AI ပုံများထဲတွင် အသုံးပြုခွင့်ပေးထား

Jul 10 • 9:19 AM

breaking-news

Myanmar

International

cover

Meta ၏ AI ပုံရိပ်ဖန်တီးမှုအသစ်က အသုံးပြုသူများ၏ Public Instagram ဓာတ်ပုံများကို အခြားသူများ၏ AI ပုံများထဲတွင် အသုံးပြုခွင့်ပေးထား

Meta ကုမ္ပဏီက ၎င်းတို့၏ AI မော်ဒယ်အသစ်ဖြစ်သော "Muse Image" ကို ကြေညာလိုက်ပြီး၊ အဆိုပါစနစ်သည် အသုံးပြုသူများ Public ဖွင့်ထားသည့် Instagram ပို့စ်များနှင့် Reels ...

Meta ကုမ္ပဏီက ၎င်းတို့၏ AI မော်ဒယ်အသစ်ဖြစ်သော "Muse Image" ကို ကြေညာလိုက်ပြီး၊ အဆိုပါစနစ်သည် အသုံးပြုသူများ Public ဖွင့်ထားသည့် Instagram ပို့စ်များနှင့် Reels ဗီဒီယိုများကို အသုံးပြုကာ အခြားသူများကိုပါ AI Content များ ဖန်တီးခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ ယင်းလုပ်ဆောင်ချက်ကို အစကတည်းက ပုံသေ (by default) ဖွင့်ပေးထားမည်ဖြစ်ပြီး၊ Meta AI အက်ပ်အတွင်း၌ အခြားသူများက မိမိ၏ Instagram အကောင့်ကို @ ဖြင့် Mention ခေါ်ယူကာ ၎င်းတို့ဖန်တီးမည့် AI ပုံရိပ်များထဲသို့ သီးသန့် Instagram Profile များကို တိုက်ရိုက်ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ကြောင်း Meta ၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

14