ပါကစ္စတန်နိုင်ငံ ကရာချီကမ်းလွန်တွင် ပျောက်ဆုံးသွားခဲ့သည့် K2 Airways ပိုင် ဘိုးရင်း ၇၃၇ ကုန်တင်လေယာဉ်၏ အပျက်အစီးများကို ပျောက်ဆုံးပြီး ၁၂ နာရီအကြာတွင် အော်မရာ (Ormara) ဆိပ်ကမ်း၏ တောင်ဘက် ၉၈ ကီလိုမီတာခန့်အကွာ ပင်လယ်ပြင် ရေနက်ရှာဖွေရေးလုပ်ငန်းများအတွင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ပါကစ္စတန်အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် လေယာဉ်ပျက်ကျရာနေရာ၌ ပါကစ္စတန်ရေတပ်နှင့် ရေကြောင်းလုံခြုံရေးအေဂျင်စီတို့ ပူးပေါင်းကာ လေကြောင်း၊ ရေကြောင်းရှာဖွေရေးကိရိယာများဖြင့် လေယာဉ်ပေါ်ပါရှိသွားသည့် အမှုထမ်း ၅ ဦးကို ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပါကစ္စတန်နိုင်ငံ ကရာချီကမ်းလွန်တွင် ပျောက်ဆုံးခဲ့သည့် K2 Airways ကုန်တင်လေယာဉ် အပျက်အစီးများ ရှာဖွေတွေ့ရှိ၊ အမှုထမ်း ၅ ဦးကို ဆက်လက်ရှာဖွေနေဆဲဖြစ်
Jul 10 • 9:10 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


