စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ (ဇူလိုင် ၁၀ ရက်) ထုတ်ပြန်ချက်အရ ဇူလိုင် ၁၀ ရက်မှ ဇူလိုင် ၁၆ ရက်အထိ တစ်ပတ်စာ ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ၇,၂၃၀ ကျပ်အဖြစ် သတ်မှတ်လိုက်သောကြောင့် ယခင်အပတ် (ဇူလိုင် ၃ ရက်မှ ၉ ရက်အထိ) ဈေးနှုန်းထက် ၁၅ ကျပ် လျော့ကျလာကြောင်း သိရသည်။ ယခုကဲ့သို့ ရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန်ပေးခြင်းမှာ ပြည်ပဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဖြစ်ပေါ်မှုများအပေါ် အခြေခံ၍ ပြည်တွင်းရှိ စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အထိုင် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေး ယခင်အပတ်ထက် ၁၅ ကျပ်ကျဆင်းကာ တစ်ပိဿာ ၇,၂၃၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်
Jul 10 • 9:16 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |


