back

တောင်သူလယ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

Jul 10 • 9:07 AM

breaking-news

Myanmar

Local

cover

တောင်သူလယ်သမားများ၏ အခက်အခဲများကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းဖြေရှင်းပေးမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၌ တောင်...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်အတူ ဇူလိုင် ၉ ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၌ တောင်သူလယ်သမားရေးရာကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး၊ တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကော်မတီများနှင့် ပူးပေါင်းညှိနှိုင်းကာ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးမြတ်ကျော်က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းကလည်း လွှတ်တော်၏ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် ကိုယ်စားလှယ်တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ဥပဒေဆိုင်ရာသင်တန်းများနှင့် အထောက်အကူပြုဆွေးနွေးပွဲများကို ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ကာ တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို ပူးပေါင်းဖြေရှင်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

20