ဘန်ကောက်မြို့၊ ကလောင်ဆန်ခရိုင်ရှိ ခရမ်းရောင်မီးရထားလိုင်း (Purple Line) မြေအောက်လိုဏ်ခေါင်း လုပ်ငန်းခွင်၏ မြေအောက် မီတာ ၃၀ ခန့်တွင် ရေယိုစိမ့်မှုဖြစ်ပွားပြီး ဝမ်ဝီယန်လမ်းဆုံအနီး မြေကျွံမှုဖြစ်ပေါ်ခဲ့သဖြင့် အနီးနားရှိ အဆောက်အအုံများမှ ဒေသခံပြည်သူ ၆၀ ကျော်ကို အာဏာပိုင်များက ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မြေကျွံမှုကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများနှင့် လိုဏ်ခေါင်းတည်ဆောက်ပုံများ ထိခိုက်ပျက်စီးခဲ့ရပြီး၊ ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) နှင့် ရထားလမ်းပိုင်ရှင် MRTA တို့က လုပ်ငန်းခွင်ပတ်လည်ကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။ လက်ရှိတွင် တုန်ခါမှုလျော့ပါးစေရန်နှင့် ပြည်သူလူထုလုံခြုံရေးအတွက် ပရာချာသီပေါ့လမ်း ဝမ်ဝီယန်အဝိုင်းမှ ဘန်ကာယက်လမ်းဆုံအထိ မီတာ ၂၀၀ ခန့်ကို ယာဉ်ဖြတ်သန်းခွင့် ခေတ္တပိတ်ထားပြီး အဆောက်အအုံများတွင် တည်ဆောက်မှုဆိုင်ရာအန္တရာယ်များကို သိရှိနိုင်ရန် ဆင်ဆာများတပ်ဆင်၍ အချိန်နှင့်တပြေးညီ စောင့်ကြည့် စစ်ဆေးနေကြောင်း သိရသည်။
ဘန်ကောက်တွင် မီးရထားလိုင်းလုပ်ငန်းခွင် မြေကျွံမှုကြောင့် အနီးရှိလူပေါင်း ၆၀ ကို အရေးပေါ်ရွှေ့ပြောင်းကာ လမ်းပိုင်းအချို့ ပိတ်ထား
Jul 10 • 9:06 AM
Thailand
Local News
Share
| 11 | 0 | 0 | 0 |


