back

ကချင်ပြည်နယ်၌ ၆ နှစ်နီးပါး ရပ်နားထားသည့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်

Jul 10 • 4:36 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၌ ၆ နှစ်နီးပါး ရပ်နားထားသည့် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားခရီးစဉ်ကို ဇူလိုင် ၂၀ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်

ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်းကို လာမည့် ...

ကချင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်နှင့် ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်းကို လာမည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်၍ စတင်ပြေးဆွဲပေးတော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ခရီးစဉ်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၉ ရက်နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ရထားပြေးဆွဲမည့်ရက်ကို အတည်ပြု သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြီးခဲ့သည့် မေလမှစတင်ကာ မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်း 52.25(မိုင်) အပါအဝင် သံလမ်းများ အဆင့်မြှင့်တင်ခြင်း၊ တံတားများနှင့် ဘူတာရုံများကို ပြန်လည်ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်သည်။ ထို့ကြောင့် အမှတ် (၄၉) အဆန်နှင့် အမှတ် (၅၀) အစုန် မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း ခရီးစဉ်ကို စတင်ပြေးဆွဲပေးနိုင်ခြင်း ဖြစ်သည်။မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်များ ရပ်နားထားရသည်မှာ ၆ နှစ်နီးပါး ရှိခဲ့ပြီဖြစ်သဖြင့် ယခုကဲ့သို့ လမ်းပိုင်းအလိုက် ပြန်လည်ပြေးဆွဲနိုင်ခြင်းအပေါ် ဒေသခံကုန်သည်များနှင့် ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြသည်။ ရထားပြန်လည်ပြေးဆွဲပါက ကုန်စည်သယ်ယူပို့ဆောင်ခ သက်သာမည့်အပြင် ဘူတာရုံများကို မှီခိုနေရသည့် ဈေးသည်များ၊ စားသောက်ဆိုင်များနှင့် ကုန်တင်ကုန်ချ အလုပ်သမားများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိလာမည် ဖြစ်သည်။ လက်ရှိတွင် ရထားပြေးဆွဲမည့် လမ်းပိုင်းတစ်လျှောက်လုံး၌ လုံခြုံရေးကိုလည်း အပြည့်အဝ စီမံဆောင်ရွက်ထားကြောင်း သိရသည်။

news-view-count-icon

23