back

မကွေး၌ ဝယ်လိုအားများပြီး အဝင်နည်းခြင်းကြောင့် ပခုက္ကူကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၅၀၀ အထိ ထပ်မံမြင့်တက်

Jul 10 • 4:32 AM

breaking-news

Myanmar

Magway

cover

မကွေး၌ ဝယ်လိုအားများပြီး အဝင်နည်းခြင်းကြောင့် ပခုက္ကူကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၄,၅၀၀ အထိ ထပ်မံမြင့်တက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီဈေးကွက်အတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဝယ်လက်များပြားနေသည့်အတွက် ဈေးနှုန်းများထပ်မံမြင့်တက်လာပြီး ဇူလိုင်လ ၉ ရက်နေ့ တွင် ကြ...

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကြက်သွန်နီဈေးကွက်အတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဝယ်လက်များပြားနေသည့်အတွက် ဈေးနှုန်းများထပ်မံမြင့်တက်လာပြီး ဇူလိုင်လ ၉ ရက်နေ့ တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၄,၅၀၀ ထိ ပေါက်ဈေးရှိလာကြောင်း သိရသည်။ကြက်သွန်နီဈေးနှုန်းမှာ ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ နှင့် ဇူလိုင်လဆန်းပိုင်းတွင် ကျပ် ၄,၀၀၀ ခန့်သာ ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ဝယ်လိုအား ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။လက်ရှိတွင်လမ်းပန်းဆက်သွယ်ရေးအခြေအနေများနှင့် ပခုက္ကူမြို့မှတစ်ဆင့် စားသောက်ကုန်များ ပြန်လည်ဝယ်ယူသယ်ဆောင်ရန် အခက်အခဲရှိနေခြင်းတို့ကြောင့် တောင်သူများ ဈေးကွက်သို့ လာရောက်ရောင်းချမှု နည်းပါးနေသည်။ ယခင်နှစ်များက ယခုကဲ့သို့ ဈေးကောင်းချိန်တွင် တစ်ရက်လျှင် ကြက်သွန်နီပိဿာချိန် သိန်းဂဏန်းအထိ ဝင်ရောက်လေ့ရှိသော်လည်း၊ လက်ရှိတွင် တစ်ရက်လျှင် ပိဿာချိန် ၁ သောင်းကျော်မှ ၂ သောင်းဝန်းကျင်သာ ဈေးကွက်အတွင်းသို့ ဝင်ရောက်တော့သဖြင့် ကုန်သည်များအနေဖြင့် ရသလောက်အကုန် ဈေးပေးဝယ်ယူနေရကြောင်း ပခုက္ကူမြို့မှ ကြက်သွန်နီကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

news-view-count-icon

15