ကမ္ဘောဒီးယား ဆန်စပါးအဖွဲ့ချုပ် (CRF) ၏ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပသို့ဆန် (Milled Rice) တန်ချိန် ၆၃၀,၃၁၉ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူ တန်ချိန် ၃၈၇,၀၇၀ နှင့် နှိုင်းယှဉ်ပါက ၆၃ ရာခိုင်နှုန်းအထိ သိသာစွာ တိုးတက်လာကြောင်း သိရသည်။ ဤတင်ပို့မှုမှတစ်ဆင့် အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၁ သန်း ဘဏ္ဍာငွေရရှိခဲ့ပြီး ယခင်နှစ်ထက် ၂၉ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ပြည်တွင်းကုမ္ပဏီ ၆၀ က ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၆၄ ခုသို့ ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများ၊ တရုတ်နှင့် ဥရောပသမဂ္ဂ (EU) တို့မှာ အဓိကအဝယ်ဆုံးဈေးကွက်များ ဖြစ်ကြသည်။ ပြည်ပတင်ပို့မှုတွင် မွှေးမွှေးဆန် (Fragrant Rice) က ၆၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဆန်ဖြူက ၂၂ ရာခိုင်နှုန်း၊ ဆန်ကွဲက ၁၄ ရာခိုင်နှုန်းနှင့် အော်ဂဲနစ်ဆန်အမျိုးအစားများက ကျန် ၄ ရာခိုင်နှုန်း ပါဝင်သည်။ ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ယခုကဲ့သို့ ဆန်တင်ပို့မှု အရှိန်အဟုန်မြှင့် တိုးတက်လာခြင်းမှာ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက် (CCFTA) တို့ကြောင့်ဖြစ်ပြီး အဆိုပါကုန်သွယ်ရေးစာချုပ်များက စိုက်ပျိုးရေးထွက်ကုန်များကို အထူးအခွန်သက်သာခွင့်များဖြင့် တင်ပို့နိုင်ရန် ခိုင်မာသော အခြေခံအုတ်မြစ် ဖြစ်စေခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ဆန် ပြည်ပတင်ပို့မှု၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ၆၃ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာ
Jul 10 • 3:36 AM
Cambodia
Local News
Share
| 8 | 0 | 0 | 0 |


