back

ရခိုင်ပြည်နယ်ရှိ ရေစီးပြင်းနေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့ မျောပါလာ

Jul 10 • 3:35 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်ရှိ ရေစီးပြင်းနေသည့် ကုလားတန်မြစ်အတွင်း လူသေအလောင်းအချို့ မျောပါလာ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသော ကုလားတန်မြစ်အတွင်း၌ လူသေအလောင်းအချို့ မျောပါလာသည်ကို ဒေသခံများ တွေ့ရှိခဲ့ကြောင်း သိရသည်။ဇူလိုင်လ ၉ ရက် န...

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ရေစီးပြင်းထန်နေသော ကုလားတန်မြစ်အတွင်း၌ လူသေအလောင်းအချို့ မျောပါလာသည်ကို ဒေသခံများ တွေ့ရှိခဲ့ကြောင်း သိရသည်။ဇူလိုင်လ ၉ ရက် နံနက်ပိုင်းမှစတင်၍ မြစ်ရေစီးနှင့်အတူ လူသေအလောင်းအချို့ ကျောက်တော်မြို့နယ် အထက်ဘက်မှ မျောပါလာခြင်းဖြစ်ကြောင်း ကုလားတန်မြစ်အနီး နေထိုင်သည့် အပေါက်ဝကျေးရွာ ဒေသခံများက ပြောကြားသည်။ ဒေသခံအချို့၏ ပြောပြချက်အရ အဝတ်အစားများ မပါရှိတော့ဘဲ မှောက်လျက်သား ဖြစ်နေသည့် အမျိုးသားအလောင်း ၃ လောင်းခန့်ကို တွေ့ရှိခဲ့ရသော်လည်း မြစ်ရေစီး အလွန်ပြင်းထန်နေသဖြင့် လိုက်လံဆယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။အဆိုပါ မျောပါလာသည့် အလောင်းများနှင့်ပတ်သက်၍ မကြာသေးမီက အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်မှ ကုန်ကူးပြီး ရခိုင်သို့ ပြန်လာသည့် စက်လှေအချို့ ပလက်ဝမြို့နယ်အထက်ပိုင်း ကုလားတန်မြစ်အတွင်း ရေစီးပြင်းထန်မှုကြောင့် နစ်မြုပ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့ရာ ယင်းစက်လှေနစ်မြုပ်မှုမှ သေဆုံးသူများ ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြသည်။

news-view-count-icon

16