back

‌ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ခရီးစဉ် နောက်ကျခြင်းနှင့် ဖျက်သိမ်းခြင်းများအတွက် လေယာဉ်လက်မှတ်ငွေ ပြန်အမ်းရမည့် သတ်မှတ်ရက်များ ထုတ်ပြန်

Jul 10 • 3:34 AM

breaking-news

Vietnam

Local News

cover

‌ဗီယက်နမ်နိုင်ငံတွင် လေယာဉ်ခရီးစဉ် နောက်ကျခြင်းနှင့် ဖျက်သိမ်းခြင်းများအတွက် လေယာဉ်လက်မှတ်ငွေ ပြန်အမ်းရမည့် သတ်မှတ်ရက်များ ထုတ်ပြန်

ဗီယက်နမ်အစိုးရသည် လေယာဉ်ခရီးစဉ် နောက်ကျခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် လေယာဉ်ပေါ်တက်ခွင့် ငြင်းပယ်ခံရခြင်းတို့ကြောင့် ထိခိုက်နစ်နာရသည့် ခရီးသည်များကို လေကြောင်း...

ဗီယက်နမ်အစိုးရသည် လေယာဉ်ခရီးစဉ် နောက်ကျခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် လေယာဉ်ပေါ်တက်ခွင့် ငြင်းပယ်ခံရခြင်းတို့ကြောင့် ထိခိုက်နစ်နာရသည့် ခရီးသည်များကို လေကြောင်းလိုင်းများက လက်မှတ်ခငွေ ပြန်လည်အမ်းရမည့် အချိန်ကာလ သတ်မှတ်ချက်အသစ်များကို လေကြောင်းပို့ဆောင်ရေး လုပ်ထုံးလုပ်နည်း စည်းမျဉ်းသစ်အဖြစ် ထုတ်ပြန်လိုက်သည်။

စည်းမျဉ်းသစ်အရ လေကြောင်းလိုင်းများသည် လက်ငင်းငွေသား သို့မဟုတ် ဘဏ်မှတစ်ဆင့် ပေးချေထားသော လက်မှတ်များအတွက် ၂၁ ရက်အတွင်း၊ လက်မှတ်လဲလှယ်ခွင့်ဘောက်ချာ (Vouchers) များအတွက် ၁၄ ရက်အတွင်း၊ ခရက်ဒစ်ကတ်ဖြင့် ဝယ်ယူထားပါက ၄၅ ရက်အတွင်းနှင့် ခရီးသွားအေဂျင်စီများမှတစ်ဆင့် ဘွတ်ကင်လုပ်ထားပါက ရက်ပေါင်း ၃၀ အတွင်း ငွေပြန်အမ်းပေးရမည်ဖြစ်သည်။ ခရီးသည်များအနေဖြင့် ခရီးစဉ်ဖျက်သိမ်းခံရသည့် ရက် သို့မဟုတ် နောက်ကျသည့် ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်း ငွေပြန်အမ်းရန် တောင်းဆိုရမည်ဖြစ်ပြီး၊ လေကြောင်းလိုင်းများထံမှ ငွေပြန်လည်ရရှိပြီးနောက် လက်မှတ်အရောင်းကိုယ်စားလှယ်များက ခရီးသည်များကို ၂၅ ရက်အတွင်း ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ထို့ပြင် လေယာဉ်ခရီးစဉ် ၂ နာရီနှင့်အထက် နောက်ကျပါက သောက်ရေ၊ ၃ နာရီနှင့်အထက် နောက်ကျပါက အစားအစာများ အခမဲ့စီစဉ်ပေးရမည်ဖြစ်ပြီး၊ ၄ နာရီနှင့်အထက် နောက်ကျပါက လက်မှတ်ခငွေ ပြန်အမ်းပေးရမည့်အပြင် ကြိုတင်လျော်ကြေး (Advance Compensation) ကိုလည်း မပျက်မကွက် ပေးဆောင်ရမည်ဖြစ်သည်။ ပြည်တွင်းခရီးစဉ်များအတွက် အနည်းဆုံးလျော်ကြေးငွေအဖြစ် ခရီးအကွာအဝေးပေါ်မူတည်၍ ဗီယက်နမ်ဒေါင် ၂၂၀,၀၀၀ မှ ၄၄၀,၀၀၀ အထိလည်းကောင်း၊ နိုင်ငံတကာခရီးစဉ်များအတွက် အမေရိကန်ဒေါ်လာ ၂၈ ဒေါ်လာမှ ၁၆၅ ဒေါ်လာအထိလည်းကောင်း ခရီးလမ်းမိုင်အလိုက် သတ်မှတ်ထားပြီး၊ ခရီးသည်များ၏ သဘောတူညီချက်အရ ငွေသား၊ ဘဏ်လွှဲပြောင်းမှု သို့မဟုတ် အလားတူတန်ဖိုးရှိသော ခရီးသွားအမှတ်များ၊ အခမဲ့လက်မှတ်များဖြင့်လည်း လဲလှယ်ပေးနိုင်ကြောင်း သိရသည်။

news-view-count-icon

7