back

ရခိုင်၌ဘဏ်အကောင့်များ ပိတ်သိမ်းခံရမှုနှင့် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခနှုန်းထားများ တစ်သိန်းလျှင် ကျပ်၈,၀၀၀အထိ အဆမတန်မြင့်တက်

Jul 10 • 2:59 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်၌ဘဏ်အကောင့်များ ပိတ်သိမ်းခံရမှုနှင့် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခနှုန်းထားများ တစ်သိန်းလျှင် ကျပ်၈,၀၀၀အထိ အဆမတန်မြင့်တက်

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် KBZ Pay အကောင့်များနှင့် KBZ Special Account များ ဆက်တိုက်ပိတ်သိမ်းခံရခြင်းနှင့် ငွေသားရှားပါးမှုပြဿနာများကြောင့် မိုဘ...

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် KBZ Pay အကောင့်များနှင့် KBZ Special Account များ ဆက်တိုက်ပိတ်သိမ်းခံရခြင်းနှင့် ငွေသားရှားပါးမှုပြဿနာများကြောင့် မိုဘိုင်းလ်ငွေထုတ်ခ ဝန်ဆောင်ခနှုန်းထားများ အဆမတန် မြင့်တက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသဖြင့် ဂြိုဟ်တုအင်တာနက်ကိုသာ ခက်ခဲစွာ အသုံးပြုနေရပြီး ငွေအလွှဲအပြောင်းလုပ်ငန်းများ လုပ်ကိုင်ရန်နှင့် အေးဂျင့်များ ငွေထုတ်ပေးရန် အလွန်ကျပ်တည်းနေခြင်း ဖြစ်သည်။မြေပြင်တွင် ငွေသားပြတ်လပ်မှုကြောင့် မြောက်ဦးနှင့် မင်းပြားမြို့နယ် ကျေးလက်ဒေသများ၌ ငွေကျပ် ၁ သိန်းလျှင် ဝန်ဆောင်ခ ကျပ် ၆,၀၀၀ မှ ၇,၀၀၀ အထိ ပေးရပြီး၊ ရမ်းဗြဲမြို့နယ်တွင် ကျပ် ၈,၀၀၀ အထိ မြင့်တက်လျက်ရှိသည်။ ထို့အတူ သံတွဲနှင့် မအီဘက်တွင်လည်း တစ်သိန်းလျှင် ကျပ် ၅,၀၀၀ မှ ၆,၀၀၀ ခန့်အထိ ပေးဆောင်နေရသည်။အဆိုပါ ငွေထုတ်ခနှုန်းထား ကြီးမြင့်မှု၊ ငွေသားရှားပါးမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်တို့ကြောင့် ပြည်ပနှင့် အခြားဒေသရှိ မိသားစုဝင်များ၏ ထောက်ပံ့ငွေကို အမှီပြုနေရသည့် ကျေးလက်အခြေခံပြည်သူများနှင့် ဒေသခံများမှာ စားဝတ်နေရေးအတွက် ပိုမိုအကျပ်အတည်း ကြုံတွေ့နေရကြောင်း သိရသည်။

news-view-count-icon

26