back

လာအိုနိုင်ငံက နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများထံမှ ဒစ်ဂျစ်တယ်အခွန် အမေရိကန်ဒေါ်လာ ၁၂ သန်း ကောက်ခံရရှိ

Jul 10 • 2:58 AM

breaking-news

Laos

Local News

cover

လာအိုနိုင်ငံက နိုင်ငံတကာနည်းပညာကုမ္ပဏီကြီးများထံမှ ဒစ်ဂျစ်တယ်အခွန် အမေရိကန်ဒေါ်လာ ၁၂ သန်း ကောက်ခံရရှိ

လာအိုနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီကြီးများထံမှ e-commerce ဆိုင်ရာ...

လာအိုနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပေးနေသည့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာကုမ္ပဏီကြီးများထံမှ e-commerce ဆိုင်ရာ ဒစ်ဂျစ်တယ်အခွန် (Digital Taxes) ကောက်ခံခဲ့ရာ လက်ရှိအချိန်အထိ အမေရိကန်ဒေါ်လာ ၁၂ သန်း (ကစ် ဘီလီယံပေါင်းများစွာ) ကောက်ခံရရှိထားကြောင်း သိရသည်။

လာအိုအစိုးရသည် Meta, Google, Netflix နှင့် TikTok အပါအဝင် ပြည်ပအခြေစိုက် နည်းပညာကုမ္ပဏီကြီးများအပေါ် တန်ဖိုးသင့်အခွန် (VAT) နှင့် အမြတ်ခွန်များ ကောက်ခံနိုင်မည့် ဒစ်ဂျစ်တယ်အခွန်စနစ်နှင့် သီးသန့်ပလက်ဖောင်း (Tax Registration System for Foreign E-Commerce) ကို စတင်အကောင်အထည်ဖော်ခဲ့ပြီးနောက် ယခုကဲ့သို့ အခွန်ဘတ်ဂျက် သိသိသာသာ တိုးတက်ရရှိလာခြင်း ဖြစ်သည်။ ဤဒစ်ဂျစ်တယ်အခွန် ကောက်ခံမှုသည် လာအိုနိုင်ငံတွင်းရှိ ရိုးရာစီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံတကာ နည်းပညာလုပ်ငန်းများအကြား မျှတသော ယှဉ်ပြိုင်မှုဖြစ်စေရန်၊ အစိုးရ၏ ဘဏ္ဍာငွေရရှိမှုကို မြှင့်တင်ရန်နှင့် လက်ရှိရင်ဆိုင်နေရသော အမျိုးသားစီးပွားရေးနှင့် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများကို ကုစားရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားထားသည်။

news-view-count-icon

9