back

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီး

Jul 10 • 2:57 AM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်စီး

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယမန်‌နေ့ ဇူလိုင်လ ၉ ရက် နံနက် ၁၁ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွ...

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယမန်‌နေ့ ဇူလိုင်လ ၉ ရက် နံနက် ၁၁ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်မြောက်ကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်အများအပြား ပျက်စီးခဲ့ရုံမျှမက လမ်းဘေးဝဲယာရှိ သစ်ပင်နှင့် သစ်ကိုင်းများလည်း လဲပြိုကျိုးကျမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖြစ်ပွားရာနေရာသို့ ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းများက ချက်ချင်းသွားရောက်၍ လဲပြိုနေသည့် သစ်ပင်များကို ဖယ်ရှားရှင်းလင်းပေးခဲ့ကြပြီး၊ ကံကောင်းထောက်မစွာဖြင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

9