back

မကွေးတိုင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားလိုင်းကြိုးများ အစားထိုးလဲလှယ်မည်ဖြစ်၍ ၃ ရက်ကြာ နေ့စဉ် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်

Jul 10 • 2:55 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားလိုင်းကြိုးများ အစားထိုးလဲလှယ်မည်ဖြစ်၍ ၃ ရက်ကြာ နေ့စဉ် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မည်ဖြစ်

မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် ...

မကွေးတိုင်းဒေသကြီးအတွင်းရှိ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံစီမံကိန်းများမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို ဗို့အားတိုးတက်ကောင်းမွန်စေရန်အတွက် 132kVမကွေး-တောင်တွင်းကြီး ဓာတ်အားလိုင်းရှိ လက်ရှိ ACSR ဓာတ်အားလိုင်းကြိုးအား နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုးနှင့် အစားထိုးလဲလှယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။အဆိုပါ လုပ်ငန်းဆောင်ရွက်မည့် ဓာတ်အားလိုင်းအပိုင်းအောက်ရှိ 66 kV တောင်တွင်းကြီး-သစ်ရာကောက် ဓာတ်အားလိုင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃) ရက်တိုင်တိုင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ဓာတ်အားလိုင်းကြိုးများ အစားထိုးလဲလှယ်နေသည့် အချိန်အတွင်း မြင်ကွန်းမြို့၊ မိကျောင်းရဲမြို့နှင့် သစ်ရာကောက်မြို့တို့အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်နေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9