back

ရန်ကုန် YBS ယာဉ်လိုင်းများနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

Jul 10 • 1:56 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန် YBS ယာဉ်လိုင်းများနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်ကျူးလွန်သူ ၉၉ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်မြို့အတွင်းရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလှုပ်ရှားရာ နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်သူ စုစုပေါင်း ၉၉ ဦးက...

ရန်ကုန်မြို့အတွင်းရှိ YBS ယာဉ်လိုင်းများ၊ ကားမှတ်တိုင်များနှင့် အများပြည်သူ သွားလာလှုပ်ရှားရာ နေရာများတွင် အုပ်စုဖွဲ့ ခါးပိုက်နှိုက်ကျူးလွန်သူ စုစုပေါင်း ၉၉ ဦးကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ရန်ကုန်တိုင်းဒေသကြီးအတွင်း အုပ်စုဖွဲ့ ခါးပိုက်နှိုက်မှုများ လျော့နည်းကျဆင်းစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းရယူစုံစမ်းခြင်းနှင့် အသွင်ယူစောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ရာ၊ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၇ ရက်နေ့အထိ ကာလအတွင်း မြို့နယ်ပေါင်း ၂၁ မြို့နယ်၌ ခါးပိုက်နှိုက်မှု အမှုပေါင်း ၁၁၇ မှုကို ဖော်ထုတ်နိုင်ခဲ့သည်။၎င်းဖော်ထုတ်မှုများအတွင်း ပြစ်မှုကျူးလွန်သူ တရားခံ အမျိုးသား ၉၄ ဦးနှင့် အမျိုးသမီး ၅ ဦး (စုစုပေါင်း ၉၉ ဦး) ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည့်အပြင် ခါးပိုက်နှိုက်ရာမှ ရရှိထားသည့် သက်သေခံပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်း ၁၄၀ လုံးနှင့် ငွေကျပ် ၆,၅၇၀,၀၀၀ တို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသည့် မြို့နယ်များမှာ ထန်းတပင်၊ အင်းစိန်၊ လှိုင်သာယာ (အရှေ့/အနောက်)၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒေါပုံ၊ သာကေတ၊ လသာ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/အရှေ့ပိုင်း/ဆိပ်ကမ်း)၊ ပန်းဘဲတန်း၊ လမ်းမတော်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ ကမာရွတ်နှင့် ဗဟန်းမြို့နယ်တို့ ဖြစ်ကြသည်။

news-view-count-icon

23