ဆန်စပါးဖူလုံမှုမရှိသဖြင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆန်တင်သွင်းနေရသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ကမ်းရိုးတန်းဒေသဖြစ်သည်နှင့်အညီ လယ်ယာမြေများအတွင်း ပင်လယ်ရေငန်ဝင်ရောက်မှုဒဏ်ကို ရင်ဆိုင်နေရသည်။ လက်ရှိတွင် မြိတ်ခရိုင်အတွင်း၌ ပင်လယ်ရေငန်ဝင်ရောက်နေသည့် လယ်မြေဧက ၄,၃၀၀ ကျော်ရှိနေသဖြင့် ၎င်းလယ်မြေများတွင် ဆားငန်ဒဏ်ခံစပါးမျိုးများ အစားထိုးစိုက်ပျိုးသွားမည်ဖြစ်သည်။အဆိုပါအစီအစဉ်အတွက် ပင်လယ်ရေငန်ဝင်ရောက်နိုင်သည့် ဧရိယာများ၌ ဆားငန်ဒဏ်ခံစပါးမျိုးများ စိုက်ပျိုးခြင်းနည်းပညာပေးဆွေးနွေးပွဲကို ဇူလိုင်လ ၉ ရက်နေ့က မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ (KC) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်း၊မြိတ်ခရိုင်ရှိ ရေငန်ဝင်လယ်မြေ ဧက ၄,၃၀၀ ကျော်တွင် ဆားငန်ဒဏ်ခံစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးမည်ဖြစ်
Jul 10 • 2:04 AM
Myanmar
Tanintharyi
Share
| 17 | 0 | 0 | 0 |


