back

ရန်ကုန်မြစ်နှင့် သံလွင်မြစ်ရေ မြင့်တက်နိုင်၍ မြစ်ကမ်းဘေးနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေးချက်ထုတ်ပြန်

Jul 10 • 1:43 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြစ်နှင့် သံလွင်မြစ်ရေ မြင့်တက်နိုင်၍ မြစ်ကမ်းဘေးနေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် သတိပေးချက်ထုတ်ပြန်

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ မြင့်တက်လာနိုင်ခြင်းနှင့် ကရင်ပြည်နယ်၊ သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေခြင်းတို့ကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိ...

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေ မြင့်တက်လာနိုင်ခြင်းနှင့် ကရင်ပြည်နယ်၊ သံလွင်မြစ်ရေ ဆက်လက်မြင့်တက်နေခြင်းတို့ကြောင့် မြစ်ကမ်းဘေးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်ထားကြရန် သက်ဆိုင်ရာဌာနများက အသီးသီး သတိပေးချက် ထုတ်ပြန်ထားသည်။မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ထုတ်ပြန်ချက်အရ ရန်ကုန်မြစ်အတွင်း သာမန်ထက်မြင့်မားသော ထူးကဲဒီရေသည် လာမည့် ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်အတွင်း မြင့်တက်လာနိုင်သဖြင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် အသိပေးထားသည်။ ထို့ပြင် ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေသည်လည်း ဆက်လက်မြင့်တက်နေပြီး နောက်နှစ်ရက်အတွင်း ဘားအံမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။ဇူလိုင်လ ၉ ရက် နံနက်ပိုင်း တိုင်းတာချက်များအရ ဇူလိုင်လ ၁၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးနှင့် ကရင်ပြည်နယ် အပါအဝင် ဒေသအချို့တွင် မိုးကြီးနိုင်သည့် အခြေအနေရှိနေသည်။ ထို့ကြောင့် မိုးများပြားမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ရေဝင်ရောက်နိုင်သည့် မြစ်ကမ်းနားနှင့် နိမ့်ကျသောဒေသရှိ ပြည်သူများအနေဖြင့် အရေးကြီးပစ္စည်းများကို ကြိုတင်ရွှေ့ပြောင်းထားကြရန်နှင့် ရေဘေးအန္တရာယ်အတွက် သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များကို ဂရုတစိုက် ဆက်လက်စောင့်ကြည့်ရန် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

12