back

တရုတ်နိုင်ငံ၊ဖူကျန်းပြည်နယ်ရှိ ဖိနပ်စက်ရုံတစ်ခု မီးလောင်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ပိတ်မိနေဆဲဖြစ်

Jul 10 • 1:42 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ဖူကျန်းပြည်နယ်ရှိ ဖိနပ်စက်ရုံတစ်ခု မီးလောင်မှုကြောင့် ၂၈ ဦးထက်မနည်း သေဆုံးပြီး လူအများအပြား ပိတ်မိနေဆဲဖြစ်

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဖူကျန်းပြည်နယ်၊ ကျင်ကျန်းမြို့ရှိ Huiteng ဖိနပ်စက်ရုံတွင် ဇူလိုင်လ ၉ ရက် (ယနေ့) နေ့လယ်ပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့...

တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဖူကျန်းပြည်နယ်၊ ကျင်ကျန်းမြို့ရှိ Huiteng ဖိနပ်စက်ရုံတွင် ဇူလိုင်လ ၉ ရက် (ယနေ့) နေ့လယ်ပိုင်းက ပြင်းထန်သော မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ပြီး စက်ရုံအဆောက်အအုံအတွင်း လူများစွာ ထပ်မံပိတ်မိနေဆဲဖြစ်ကြောင်း ချန်နယ်နယူးစ်အေးရှား (CNA) သတင်းဌာနက ဖော်ပြထားသည်။နိုင်ငံပိုင် ရုပ်မြင်သံကြား CCTV ၏ ထုတ်လွှင့်ချက်အရ မီးလောင်မှုသည် စက်ရုံ၏ အောက်ထပ်များတွင် ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ အတွင်းမှ မီးခိုးမည်းများ ထူထပ်စွာ ထွက်ပေါ်နေစဉ် အပေါ်ထပ်ရှိ အလုပ်သမားများသည် ပြတင်းပေါက်များနှင့် ခြောက်ထပ်အဆောက်အအုံ၏ အမိုးပေါ်တွင် ခိုလှုံနေကြရသည်။လက်ရှိတွင် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၁၈၃ ဦး၊ မီးသတ်ယာဉ် ၃၅ စီးဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ မီးငြှိမ်းသတ်ခြင်းနှင့် ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။အဆိုပါ မတော်တဆမှုနှင့်ပတ်သက်၍ တရုတ်သမ္မတ ရှီကျင့်ဖျင်က "ဒီမီးလောင်ရတဲ့ မတော်တဆမှုရဲ့ အကြောင်းရင်းကို အမြန်ဆုံးဖော်ထုတ်ရမယ်။ တာဝန်ရှိသူတွေကိုလည်း ထိရောက်စွာ အရေးယူစေမယ်" ဟု ပြောကြားထားပြီး ဒဏ်ရာရရှိသူများကို အမြန်ဆုံး ကုသပေးနိုင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

news-view-count-icon

10