တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ဆိုးရွားစွာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင်လ ၉ ရက် (ယနေ့) အထိ သေဆုံးသူဦးရေ ၃၉ ဦးအထိ မြင့်တက်လာပြီး လူ ၉ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ကြေညာခဲ့သည်။ပြင်းထန်သော ရာသီဥတုအခြေအနေကြောင့် တရုတ်နိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ပျက်စီးဆုံးရှုံးမှုများစွာ ကြုံတွေ့နေရသည့်အပြင် ယခုသီတင်းပတ်ကုန်တွင်လည်း အရှေ့ဘက်ပြည်နယ်များဆီသို့ စူပါတိုင်ဖွန်းမုန်တိုင်းတစ်ခု ထပ်မံဦးတည်ရွေ့လျားနေသည်။ယခုရေကြီးမှုအတွင်း ကွမ်ရှီးဒေသ ဟန်ကျိုးမြို့ရှိ လျူလန်ရေလှောင်တမံ ကျိုးပေါက်မှုကြောင့် သေဆုံးရသူ ၂၆ ဦးအထိ ရှိခဲ့ပြီး အဆိုပါ ရေလှောင်တမံကျိုးပေါက်သည့် နေရာတစ်ခုတည်းတွင်ပင် လူ ၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ ရေကြီးမှုကြောင့် သေဆုံးသူ ၃၉ ဦးအထိ မြင့်တက်လာပြီး စူပါတိုင်ဖွန်းမုန်တိုင်းသစ်တစ်ခု ထပ်မံဦးတည်လာနေ
Jul 10 • 1:41 AM
China
Local News
Share
| 7 | 0 | 0 | 0 |


