မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်း (PMI) သည် ပြီးခဲ့သည့် ဇွန်လအတွင်း အနည်းငယ် ထပ်မံကျဆင်းခဲ့ကြောင်း စီးပွားရေးသတင်းအချက်အလက်ဆိုင်ရာအဖွဲ့ S&P Global ၏ လစဉ်ထုတ်ပြန်ချက်အရ သိရသည်။ ပြီးခဲ့သည့် မေလတွင် မြန်မာ့ကုန်ထုတ်လုပ်မှုအညွှန်းကိန်းမှာ 49.3 ရှိခဲ့ရာမှ ဇွန်လတွင် 47.4 သို့ ကျဆင်းသွားခြင်းဖြစ်ပြီး အမှာစာအသစ်ရရှိမှု နည်းပါးခြင်းနှင့် ကုန်ပစ္စည်းပြတ်လပ်မှုများကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍ ကျဆင်းခြင်းကို ပိုမိုခိုင်မာစေခဲ့ခြင်းဖြစ်သည်။သို့သော် ဇွန်လအတွင်း ငွေကြေးဖောင်းပွမှုနှုန်းမှာ အသင့်အတင့်သာရှိခဲ့ပြီး ၂၀၂၆ ခုနှစ်အတွင်း အနှေးကွေးဆုံးဖြစ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ S&P Global Market Intelligence မှ စီးပွားရေးပါရဂူ မေရီယမ် ဘလုခ် က "ဈေးနှုန်းဖိအားတွေမှာ ထပ်မံပြီး အသင့်အတင့်ဖြစ်ခြင်းက မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေအတွက် ဝယ်လိုအား မြင့်တက်လာအောင် အကူအညီ ဖြစ်လာနိုင်ပါတယ်" ဟု သုံးသပ်ပြောကြားထားသည်။ S&P Global သည် ကုန်ထုတ်လုပ်ငန်းများထံမှ လစဉ်ပြန်လည်ဖြေကြားချက်များကို အခြေခံ၍ ဤအညွှန်းကိန်းများကို တွက်ချက်ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။
Jul 10 • 1:40 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


