back

ဂျိုရှုအာဗန် ကမ္ဘာ့ MMA လောက၏ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲတွင် ဆုကြီးနှစ်ဆုစလုံး ဆွတ်ခူးရရှိ

Jul 10 • 1:44 AM

breaking-news

Myanmar

International

cover

ဂျိုရှုအာဗန် ကမ္ဘာ့ MMA လောက၏ ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲတွင် ဆုကြီးနှစ်ဆုစလုံး ဆွတ်ခူးရရှိ

ကမ္ဘာ့ MMA လောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲတစ်ခုဖြစ်သည့် (၁၇) ကြိမ်မြောက် World MMA Awards ဆုပေးပွဲကို ဇူလိုင်လ ၉ ရက် တွင် အမေရိကန်နိုင်ငံ၊ လပ်ဗေးဂိတ်စ်...

ကမ္ဘာ့ MMA လောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံး ဆုပေးပွဲတစ်ခုဖြစ်သည့် (၁၇) ကြိမ်မြောက် World MMA Awards ဆုပေးပွဲကို ဇူလိုင်လ ၉ ရက် တွင် အမေရိကန်နိုင်ငံ၊ လပ်ဗေးဂိတ်စ်မြို့ရှိ ဆာဟာရပြဇာတ်ရုံ၌ ကျင်းပခဲ့ရာ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်က တစ်နှစ်တာအကောင်းဆုံးဆုကြီး နှစ်ဆုစလုံးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။Fighters Only Magazine က ဦးဆောင်ကျင်းပသည့် ယခုဆုပေးပွဲသည် ၂၀၂၄ ခုနှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကမ္ဘာ့ပရိုမိုးရှင်းပေါင်းစုံမှ ကျင်းပခဲ့သည့် MMA ပြိုင်ပွဲများထဲမှ အကောင်းဆုံးများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။ အဆိုပါဆုပေးပွဲတွင် ဂျိုရှုအာဗန်သည် Fight Of The Year (တစ်နှစ်တာအကောင်းဆုံးတွဲဆိုင်းဆု) နှင့် Breakthrough Fighter Of The Year (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) နှစ်ဆုစလုံးကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်က မြန်မာ့စပါးအုန်းကြီး အောင်လအန်ဆန်က ၂၀၁၈ ခုနှစ်တွင် International Fighter Of The Year ဆုကို ပထမဆုံး ဆွတ်ခူးရရှိခဲ့ဖူးပြီး၊ ယခု ၂၀၂၆ ခုနှစ်တွင် ဂျိုရှုအာဗန်က မြန်မာနိုင်ငံအတွက် ဂုဏ်ယူဖွယ်ရာ ဆုကြီးနှစ်ဆုကို ထပ်မံရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

37