နေပြည်တော်တွင် အိမ်ခြံမြေဈေးကွက်မှာ နေရာဒေသနှင့် ဈေးနှုန်းအပေါ်မူတည်၍ နေ့စဉ်ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းမကြီးပေါ်တွင် ကျပ်သိန်းခြောက်သောင်းကျော်အထိ ဈေးမြင့်နေသည့်တိုင် အရောင်းအဝယ်ဖြစ်နေပြီး လက်ရှိတွင် ရောင်းမည့်သူပင် မရှိသလောက် ရှားပါးနေကြောင်း ဇမ္ဗူသီရိမြို့နယ် အိမ်ခြံမြေအရောင်းအဝယ်ရေးအသင်းမှ သိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကုန်ပိုင်းတွင် ရွှေဈေးကွက်မြင့်တက်ခဲ့ပြီးနောက်ပိုင်း မြေဈေးနှုန်းများ တဟုန်ထိုးမြင့်တက်ကာ အရောင်းအဝယ် ပိုမိုသွက်လာခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း အမှန်တကယ် နေထိုင်မည့်သူများအပြင် ရင်းနှီးမြှုပ်နှံသူများလည်း များပြားလျက်ရှိသည်။လက်ရှိမြို့နယ်အလိုက် အရောင်းအဝယ်ဖြစ်နေသည့် ဈေးကွက်အခြေအနေမှာ ဇမ္ဗူသီရိမြို့နယ်အတွင်း အနည်းဆုံး ကျပ်သိန်းတစ်သောင်းဝန်းကျင်နှင့် အထက်ရှိနေပြီး ရွှေကြာပင်ရပ်ကွက်တွင် ကျပ် ၃,၅၀၀ သိန်းမှ ၄,၀၀၀ သိန်းဝန်းကျင်၊ သပြေကုန်းရပ်ကွက်တွင် အနည်းဆုံး ကျပ် ၉,၀၀၀ သိန်းကျော် ပေါက်ဈေးရှိနေသည်။ ပုဗ္ဗသီရိမြို့နယ်ဘက်တွင် ကျပ် ၁,၅၀၀ သိန်းမှ စတင်ကာ သိန်း ၅,၀၀၀ - ၆,၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေပြီး၊ ဒက္ခိဏသီရိမြို့နယ်ဘက်တွင်မူ ပေ ၆၀ ပတ်လည်အကွက်များကို အနည်းဆုံး ကျပ် ၁,၂၀၀ သိန်း၊ ပေ ၈၀ ပတ်လည်အကွက်များကို ကျပ် ၂,၅၀၀ သိန်းမှစ၍ အိမ်ပါမပါအပေါ် မူတည်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
နေပြည်တော်တွင် အိမ်ခြံမြေအရောင်းအဝယ် သွက်နေပြီး ဧရာဝတီလမ်းမပေါ်ရှိ မြေကွက်များ ကျပ်သိန်းခြောက်သောင်းကျော်အထိ ပေါက်ဈေးရှိနေ
Jul 09 • 4:36 AM
Myanmar
Naypyidaw
Share
| 44 | 0 | 0 | 0 |


