back

မန္တလေး၌ ညပိုင်းစားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် သားအမိကို သာသနာ‌တော်ထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူဆုံးမခဲ့

Jul 09 • 4:16 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး၌ ညပိုင်းစားသောက်ဆိုင်များတွင် ယောဂီဝတ်စုံဖြင့် အလှူခံနေသည့် သားအမိကို သာသနာ‌တော်ထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူဆုံးမခဲ့

မန္တလေးမြို့ ညပိုင်းစားသောက်ဆိုင်များတွင် သားဖြစ်သူ၏ ခိုင်းစေချက်အရ ယောဂီဝတ်စုံဝတ်ကာ ငွေဖလားဖြင့် လိုက်လံအလှူခံနေသည့် သက်ကြီးအမျိုးသမီးကြီးနှင့် ၎င်း၏သားဖြစ်သူတ...

မန္တလေးမြို့ ညပိုင်းစားသောက်ဆိုင်များတွင် သားဖြစ်သူ၏ ခိုင်းစေချက်အရ ယောဂီဝတ်စုံဝတ်ကာ ငွေဖလားဖြင့် လိုက်လံအလှူခံနေသည့် သက်ကြီးအမျိုးသမီးကြီးနှင့် ၎င်း၏သားဖြစ်သူတို့ကို ဇူလိုင်လ ၈ ရက် ညပိုင်းက ချမ်းအေးသာစံမြို့နယ် သာသနာတော်ထိန်းသိမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေး ဆုံးမခဲ့သည်။၆၂ လမ်းရှိ စားသောက်ဆိုင်များတွင် သာသနာ့အဝတ်အစားဖြင့် လှည့်လည်အလှူခံနေကြောင်း သတင်းအရ ဆရာတော်များက စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးချက်အရ သားဖြစ်သူက မိခင်ကို ဆိုင်ကယ်ဖြင့် လိုက်ပို့ကာ အလှူခံခိုင်းခြင်းဖြစ်ပြီး၊ ၎င်းတို့သားအမိသည် ၂၀၂၁ ခုနှစ်ကလည်း ယခုကဲ့သို့ ပြုလုပ်၍ ခေါ်ယူသတိပေးခြင်း ခံခဲ့ရဖူးသည်။ ယခုအခါ ဒုတိယအကြိမ် ထပ်မံကျူးလွန်သဖြင့် ၎င်းတို့၏ဆိုင်ကယ်ကို ခေတ္တထိန်းသိမ်းထားပြီး ခံဝန်ကတိလက်မှတ် ရေးထိုးခိုင်းထားကြောင်း၊ ထပ်မံကျူးလွန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

10